မေး။ ။ အရှင်ဘုရား။ မသိလို့မေးလျှောက်ခွင့်ပြုပါ။ တပည့်တော်လေ့လာမိသလောက်ဆိုရင် ဘုရားရှင်တစ်ဆူရဲ့ သာသနာကွယ်တယ်ဆိုရင် ထိုဘုရားရှင်၏ ဓါတ်တော်၊ မွေတော်၊ အသုံးအဆောင် တို့သည် မြူမှုန်စာမျှမရှိအောင် ကွယ်တယ်လို့သိရပါတယ်။ ဒါဟုတ်ပါသလားဘုရား။ ဟုတ်တယ်ဆိုရင်လဲ ရွှေတိဂုံစေတီတော်မှာ ဘုရားလေးဆူရဲ့အသုံးအဆောင်တွေက ဘာလို့မကွယ်ဘဲ ရှိနေရတာလဲဘုရား။ နောက်ပြီး ကမ္မ၀ါစာက ဘုရားဟောပါလားဘုရား။ ဘာလို့အရမ်း အစွမ်းထက် တာလဲဆိုတာ သိပါရစေဘုရား။ တပည့်တော် မရှင်းတာလေးတွေမို့ပါ။
ဖြေ။ ။ ဘုရားရှင်ရဲ့ ဓာတ်တော်၊ မွေတော်များသာ သာသနာကွယ်ရင် ပျောက်ဆုံးသွားခြင်း ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ အသုံးအဆောင်များကတော့ ပျောက်ဆုံးတာလည်း ရှိသလို ထိန်းသိမ်းထားသူရှိပါက ကျန်ရှိနိုင် တဲ့ အခြေအနေများလည်း ရှိပါတယ်။ ဘုရားရှင်ရဲ့ ဓာတ်တော်၊ မွေတော်ဆိုတာက ဘုရားရှင်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများသာ ဖြစ်ပါတယ်။ ဘုရားရှင်သုံးဆောင်ခဲ့တဲ့ ပစ္စည်းများကတော့ ကြာရှည်ခံနိုင်တဲ့အရာဆို စွမ်းနိုင်သူများက သိမ်းထားနိုင်ရင် ရပါတယ်။
သာသနာကွယ်ခြင်းနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ သာသနာကွယ်ခြင်း(၅)မျိုး ထဲမှာ နောက်ဆုံးဖြစ်တဲ့ ဓာတုသာသနာကွယ်ပုံအကြောင်းကို အနည်းငယ်တင်ပေးပါမယ်။



