ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးနှင့်တွေ့ဆုံ နိုင်ကြသော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....1.1.2013ရက်နေတွင်တည်ထောင်ပါသည်။

Wednesday, January 23, 2013

ဘုရား

dahmmapalace | 6:42 AM | Best Blogger Tips


မေး။     ။အရှင်ဘုရား
ဗုဒ္ဓဆိုသည်မှာ ပါဋ္ဌိဘာသာဖြစ်၍ ဘုရားဆိုသည်မှာ ပါဋ္ဌိသက်ဝေါဟာရဖြစ်ကြောင်း သိရှိရပါသည်။ သို့ပါ၍ ဘုရားဟူသော ဝေါဟာရ စကားလုံး၏ အဓိပ္ပါယ်ကို သိရှိလိုပါ၍ ရှင်းလင်းဖြေကြားပေးပါရန် လေးစားစွာ လျှောက်ထားအပ် ပါသည်။
ကိုထွန်းမြင့်၊ ကျောက်ပန်းတောင်းမြို့။
ဖြေ။     ။ဗုဒ္ဓဟူသော ပါဋ္ဌိကို ဘုရားဟူ၍ မြန်မာပြန်ဆိုပါသည်။ သို့သော် ဘုရားဟူသော မြန်မာဝေါဟာရသည် ဗုဒ္ဓပါဋ္ဌိမှ ဆင်းသက်လာသည် မဟုတ်ပါ။ ပုဂံကျောက်စာများတွင် ဘုရားကို ပုရဟာ-ပုရှာ၊ ဖုရဟာ-ဖုရှာ ဟု ရေးထိုးကြပါသည်။ ပူဇာဟရ ( ပူဇော်ခြင်းငှာ ထိုက်တန်သော ပုဂ္ဂိုလ်မြတ် ) ဟူသော ပါဋ္ဌိမှ ဆင်းသက်လာသည်ဟူ ယူဆနိုင်ပါသည်။ ပူဇာဟရမှ ဦဒီဃရောက်၊ ၀ိသဇ္ဇနီပေါက်လျက် ဘုရားဟု ဖြစ်လာသည်ဟု ဆိုနိုင်ပါသည်။

No comments:

Post a Comment