Tuesday, December 17, 2013
Sunday, December 15, 2013
myintmyat | 4:32 AM |
အဆိုအမိန်
Sunday, September 29, 2013
ကျေးဇူးရှင် လယ်တီဆရာတော်

************************
လယ်တီဆရာတော်သည် ရဟန်းရှင်လူပြည်သူ အားလုံးကို မျက်စိပွင့်စေခဲ့ သည်သာမက မြန်မာ့ဂုဏ်ကို ကမ္ဘာသိအောင် မြှင့်တင်ပေးခဲ့သည်။ ပရိယတ် ပဋိပတ် အရေးအပြော စွယ်စုံရပုဂ္ဂိုလ်ဖြစ်သည်။
လယ်တီဆရာတော်သည် ၁၂၀၈-ခုနှစ် နတ်တော်လဆန်း (၁၃)ရက်၊ အင်္ဂါ နေ့ဝယ် ဒီပဲရင်းမြို့နယ် စိုင်ပြင်ရွာ၌ မွေးဖွားခဲ့သည်။ ဦးထွန်းသာ- ဒေါ်ကျုံ တို့သည် ခမည်းတော် မယ်တော်များဖြစ်ကြသည်။ ငယ်မည်မှာ မောင်တက် ခေါင် ဖြစ်ပြီး ရှင်သာမဏေဘဝ၌ ရှင်ဥာဏ-ဟု တွင်သည်။ ရဟန်းဘဝ၌ကား ဦးဥာဏ ဖြစ်လာသည်။
ဆရာတော်သည် ငယ်စဉ်ကပင် ထူးချွန်ခဲ့သည်။ ဆရာအမျိုးမျိုးထံ ချဉ်း ကပ်၍ သိသင့် တတ်သင့်သမျှ အားလုံးကို သင်ယူခဲ့သည်။ ပထမစာချ အဆင့်အထိ ရောက်ခဲ့သည်။ မိမိသိသမျှကိုလည်း ဆရာစားမချန် သင်ကြား ပို့ချခဲ့သည်။ ဆရာတော်ထံမှ ပညာရင်နို့ သောက်စို့ရသူများ တိုင်းကျော် ပြည်သိ ထူးချွန်ကြသည်။ မိမိထံ ချဉ်းကပ်ခွင့်မရသူများနှင့် နောင်လာနောက် သားများအတွက် ကျမ်းဂန်များ ရေးသား၍ အမွေပေးခဲ့သည်။
ဆရာတော်၏ ကျေးဇူးကြောင့် ရဟန်းရှင်လူများ မျက်စိပွင့်ကြရသည်။ ပါဠိ သဒ္ဒါ အခက်တွေ့နေသူများကို သဒ္ဒသံခိပ်ကျမ်း၊ လယ်တီပဒမာလာကျမ်း၊ နိရုတ္တိဒိပနီကျမ်းတို့ဖြင့် သဒ္ဒါမျက်စိ ဖွင့်ပေးသည်။ တစ်ဖန် ပရမတ္တသံခိပ် ကျမ်း၊ ပရမတ္တဒီပနီကျမ်းများဖြင့် အဘိဓမ္မာမျက်လုံး တပ်ဆင်ပေးသည်။ သင်ရိုးအဘိဓမ္မာအဆင့်မှ လူသုံး အဘိဓမ္မာအဆင့်အထိ မြှင့်တင်ပေးသည်။ ဝိနယသံခိပ်ကျမ်းဖြင့် ဝိနည်းအရာ အမြင်ကျယ်စေခဲ့သည်။ ဝိနိစ္ဆယကျမ်း များဖြင့် သဘာဝတ္တဥာဏ် ရင့်သန်စေခဲ့သည်။ မြန်မာကို ကမ္ဘာက သိလာရ ခြင်းသည် ဆရာတော်၏ ကျေးဇူးပင်ဖြစ်ပါသည်။ မှန်ပါသည်။ အင်္ဂလန်ပါဠိ အသင်းကဲ့သို့သော သုတေသီများသည် ဆရာတော်ထံ ချဉ်းကပ်၍ ဗုဒ္ဓ ပိဋကတ်ဆိုင်ရာ ဗဟုသုတများကို မေးလျှောက်ကြသည်။ ကျမ်းဂန်များ ရှာ၍ ပြုစုဖို့ရန် တိုက်တွန်းကြသည်။
ဆရာတော်သည် တတ်သိရုံနှင့် မတင်းတိမ်ပဲ ကိုယ်တိုင်လည်းကျင့် သူတစ်ပါးလည်း ကျင့်ကြံစေသောအားဖြင့် ပဋိပတ္တိသာသနာ ထွန်းကားလာ အောင် မြေတောင်မြှောက်ပေးခဲ့သည်။ နိုင်ငံအနှံလှည့်လည်၍ ဝိပဿနာ အလုပ်ပေးတရား ခန္ဓာဥာဏ်ရောက်တရားများ ဟောကြားခဲ့သည်။
ဆရာတော်၏ ဝိပဿနာတရားနာရသော ကင်းဝန်မင်းကြီးသည် သဘော ကျပြီး ဤတရားမျိုး နာယူမသွားရရှာသော ဘဝရှင် မင်းတုန်းမင်းတရားကြီး အတွက် ယူကျုံးမရ မျက်ရည်ကျခဲ့ရသည်။ ဆရာတော်၏ နည်းနာနိဿယ ဖြင့် ပဋိပတ္တိသာသနာ ကမ္ဘာသိအောင် ခြေဆန့်ခဲ့သည်။ ဆရာတော်သည် သက်သက်လွတ် စားရေးတရား၊ အသားစား ရှောင်ကြဉ်ရေးတရား စသည် တို့ဖြင့် တရားစည်ကြီး ခြိမ့်ခြိမ့်တီးခဲ့သည်။
ဆရာတော်၏ တရားမိုးရေကို သောက်ချိုးရသူမှန်သမျှ လိုအင်ဆန္ဒ ပြည့်ဝ ကြသည်။ ထို့ကြောင့် ဆရာတော်သည် ပရိယတ် ပဋိပတ် အရေး အပြော စွယ်စုံရ ပုဂ္ဂိုလ်ကြီးဖြစ်သည်။
ဆရာတော်နှင့်စပ်လျဉ်း၍ ထူးခြားသော မှတ်သားဖွယ်ရာများမှာ-
၁။ သာမဏေဘဝကပင် ကျေးစေရတု စသောကဗျာလင်္ကများ ရေးသား နိုင်ခဲ့ခြင်း
၂။ ဝါဒရေးရာပြဿနာများကို ဖြေရှင်းဖော်ပြသော ကထာဝတ္ထု ပါဠိတော်ကို ပဉ္စမသင်္ဂါယနာပွဲ၌ အာဂုံပြန်ဆိုခြင်း
၃။ ပါဠိဘာသာ မြန်မာဘာသာတို့ဖြင့် ကျမ်းပေါင်း တစ်ရာကျော် ရေးသားပြုစု ခဲ့ခြင်း
၎။ တိမ်မြုပ်နေသော ပဋိပတ္တိသာသနာတော်ကြီးကို ဖော်ထုတ်ထူးထောင် ခဲ့ခြင်း
၅။ နိုင်ငံအနှံ့ လှည့်လည်၍ တရားမိုးကြီးများ ရွာသွန်းခဲ့ခြင်း
၆။ ကပ်ရောဂါဆိုးကြီးများကို ပပျောက်အောင် ဆောင်ရွက်ခြင်း စသည်တို့ ဖြစ်ပါသည်။
ဤသို့လျှင် ဆရာတော်သည် ကိုယ့်အကျိုးသူ့အကျိုး နှစ်မျိုးလုံးကို ကျင့်သုံးခဲ့သော မြန်မာနှင့်တကွ ကမ္ဘာ့ကျေးဇူးရှင်ကြီးတစ်ပါး ဖြစ်ပေ သတည်း။ (၁၉၉၄-ခုနှစ် ပထမငယ်တန်းအဖြေစုံမှ)
http://inseinywama.info/
Subscribe to:
Posts (Atom)

ရု
![တစ်နေ့မှာ လယ်သမားကြီးတစ်ယောက်ရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းပျက်ထဲကိုကျသွားသတဲ့ ...။
အဲတော့ .... မြည်းဟာ သနားစဖွယ်အော်နေရှာသတဲ့ ... လယ်သမားကြီးလဲ ဘာလုပ်ရမယ်ဆိုတာကို အကြံထုတ်နေရတော့တာပေါ့ ...။
" မြည်းဟာ အတော်လဲအိုနေပြီ ... ဒီရေတွင်းပျက်ဟာလည်း ပြန်လည်ပြုပြင်ဖို့လိုအပ်နေပြီ ... အဲဒီ့ရေတွင်းပျက်ထဲက မြည်းအိုကို ပြန်ယူဖို့ဆိုတာ သိပ်တော့ မတန်လှပေဘူးပေါ့ ...။ "
နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး သူ့အိမ်နီးချင်းတွေကို လာပြီး ကူညီကြဖို့ ဖိတ်လိုက်သတဲ့ ...။
အိမ်နီးချင်းတွေဟာ ပေါက်ပြားကိုယ်စီကိုင်ပြီးရောက်လာကြတယ် .. ပြီးတော့ ရေတွင်းပျက်ထဲကို အမှိုက်တွေ မြေကြီးတွေနဲ့စတင်ဖို့ကြသတဲ့ ....။
မြည်းဟာ ဘာတွေဖြစ်သလဲ သိသိချင်းတော့ ကြောက်ကြောက်လန့်လန့်နဲ့ အော်ဟစ်တာပေါ့ ...။ နောက်တော့ ... အံ့အားသင့်ဖွယ် ငြိမ်သက်သွားတာကို တွေ့ရတယ် ...။
တော်တော်များများ မြေဖို့လို့လဲ ပြီးရော ... လယ်သမားကြီးဟာ ရေတွင်းထဲကိုကြည့်လိုက်တယ်...။ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အတော်လဲ အံ့အားသင့်သွားတယ်တဲ့...။
အမှိုက်တွေ မြေကြီးတွေ အကုန်နီးပါး မြည်းရဲ့ကျောပေါ်ကိုကျခဲ့ပေမယ့် ... မြည်းဟာ အံ့အားသင့်ဖွယ်ရာတစ်ခုကို ပြုလုပ်ခဲ့တာကို အားလုံး မျက်ဝါးထင်ထင်မြင်လိုက်ရတယ်တဲ့ ...။
သူက သူ့ကျောပေါ် ကျလာသမျှကို ခါထုတ်ပြီး ... အဲဒီ့ပေါ်မှာ တက်တက်ပြီး ရပ်လာခဲ့တယ်တဲ့ ...။
လယ်သမားကြီးနဲ့ အိမ်နီးချင်းတွေ ... အမှိုက်တွေ မြေကြီးတွေနဲ့ ဖို့တိုင်း ဖို့တိုင်း.. ခါထုတ်လိုက် တက်ရပ်လိုက် လုပ်နေသတဲ့ ...။
သိပ်မကြာခင်မှာပဲ ... မြည်းဟာ ရေတွင်းရဲ့နှုတ်ခမ်းနားကို ရောက်လာပြီး တုန်တုန်ရီရီနဲ့ အပြင်ကို ကျော်ထွက်လာတာကို အားလုံးအံ့အားသင့်ဖွယ်တွေ့ခဲ့ရသတဲ့ကွယ် ...။
မှတ်သားဖွယ်: ဘ၀ဟာ တခါတလေ သင့်ကို အမှိုက်ကဲ့သို့သော အရာတွေ ပေးကောင်းပေးနိုင်ပါလိမ့်မယ် ...။ အဲလိုကြုံလာရရင် သင်ဟာ အဲဒီ့ထဲကို နစ်မြုပ်သွားရမှာ မဟုတ်ပါဘူး ...။ ဘယ်လောက်ပဲ နက်တဲ့ရေတွင်းပဲ ဖြစ်ပါစေ မလျှော့သောဇွဲနဲ့ရအောင် တက်ရမယ် ...။ ဘယ်တော့မှလဲ လက်မလျှော့ပါနဲ့ ...။ အမှိုက်တွေကို ခါထုတ်ပါ ... အဲဒီ့အပေါ်မှာ သင် တက်ရပ်ပါ !!!
[Never to Give Up ကိုဆီလျှော်အောင် ဘာသာပြန်ပါသည်]
Credit To အလင်္ကာမေကျော်
Jay Ki](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn2/1466192_484963331622596_285786839_n.jpg)

