ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးနှင့်တွေ့ဆုံ နိုင်ကြသော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....1.1.2013ရက်နေတွင်တည်ထောင်ပါသည်။

Tuesday, February 12, 2013

သူတော်ကောင်းနှင့် သူယုတ်မာ

dahmmapalace | 8:43 AM | Best Blogger Tips
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ သူယုတ်မာတို့၏ အခြေခံသဘောကို လည်းကောင်း၊ သူတော်ကောင်းတို့၏ အခြေခံသဘောကို လည်းကောင်း၊ ဤသို့ဟော ကြားတော်မူ၏။
ရဟန်းတို့၊ သူယုတ်မာသည် ပြုဖူးသော သူ့ကျေးဇူးကိုမသိ၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိ၊ ရဟန်းတို့၊ ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုမသိခြင်း၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိခြင်းကို သူယုတ်မာတို့သည် ချီးမွမ်းကုန်၏။ ယင်းတို့သည် သူယုတ်မာတို့၏ အခြေခံသဘောပေတည်း။
ရဟန်းတို့၊ သူတော်ကောင်းတို့သည်ကား ပြုဖူးသော သူ့ကျေးဇူးကိုသိ၏၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍သိ၏၊ ရဟန်းတို့ ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုသိခြင်း၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍သိခြင်းကို သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏။ ယင်းတို့သည် သူတော်ကောင်းတို့၏ အခြေခံသဘောပေတည်း။
ကောလိတ၊ သမစိတ္တ၀ဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်

ကောင်းကင်

No comments:

Post a Comment