ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးနှင့်တွေ့ဆုံ နိုင်ကြသော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....1.1.2013ရက်နေတွင်တည်ထောင်ပါသည်။

Tuesday, February 12, 2013

မေတ္တာ

dahmmapalace | 8:41 AM | Best Blogger Tips
မာတာ ယထာ နိယံပုတ္တ၊
မာရယုသာ ဧက ပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အ ပရိမာဏံ။
မာတာ၊ မြင်းမိုရ်ထိပ်ဦး၊ မကကျူးသည့်၊ ကျေးဇူးဂုဏ်ရှင်၊ မွေးမိခင်သည်။ နိယံပုတ္တံ၊ မိမိရင်နှစ်၊ သားရင်းဖြစ်သော။ ဧက ပုတ္တံ၊ အရေထူ အရေပါး၊ အသားကိုဖောက် အစိုးရောက်အောင်၊ မြားမြောက်ခင်တွယ်၊ တစ်ယောက်တည်းသော သားငယ်ကို။ အာယုသာ၊ ဇိဝိန်အသက်၊ ယင်းအတွက်ကြောင့်။ အနုရက္ခေယထာ၊ နို့ချိုတိုက်ကျွေး၊ ပိုက်ထွေးယုယ၊ ဘေးမခအောင်၊ နေ့ညမကွေ၊ စောင့်ရှောက်လေသကဲ့သို့၊ ဧဝမ္ပိ တထာ၊ ပမာမခြား၊ ထိုအလားလျှင်။ သဗ္ဗဘူတေသု၊ ခပ်သိမ်းရှိသမျှ၊ သတ္တဝါအနန္တတို့၌။ အ ပရိမာဏံ၊ အတိုင်းအရှည်ကင်းပ၊ များပြားလှသော၊ မာနသံ၊ တွေတွေယိုဖိတ်၊ မေတ္တာစိတ်ကို၊ ဘာဝယေ၊ ပွားစေရာ၏။


ကောင်းကင်

No comments:

Post a Comment