ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးနှင့်တွေ့ဆုံ နိုင်ကြသော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....1.1.2013ရက်နေတွင်တည်ထောင်ပါသည်။

Thursday, January 10, 2013

ဘုရားအလောင်းဖြစ်ရန်ပင် အမှန်ခဲယဉ်းခြင်း

dahmmapalace | 8:09 AM | Best Blogger Tips


သမ္မာသမ္ဗုဒ္ဓ သဗ္ဗညှဘုရားရှင်အဖြစ်ကို မဆိုထားဘိ သုမေဓာရသေ့ကဲ့သို့ နိယတဗျာဒိတ်ရ ဘုရားအလောင်းတော် ဘ၀ကိုသော်မှလည်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံမှသာ ရနိုင်ပေသည်။ ထိုအင်္ဂါရှစ်ပါးမှာ -


(၁) လူဇာတ်စင်စစ် ဖြစ်ရခြင်း၊

(၂) ယောက်ျားစင်စစ် ဖြစ်ရခြင်း၊

(၃) ထိုဘ၀မှာပင် အရဟတ္တဖိုလ် ရနိုင်လောက်သော တိဟိတ်ပဋိသန္ဓေနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊

(၄) သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း၊



(၅) ကမ္မ၀ါဒီရသေ့ (သို့မဟုတ်) သာသနာတော်တွင်း ရဟန်းဖြစ်ရခြင်း၊

(၆) ဈာန် သမာပတ်တန်ခိုး ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊

(၇) ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ သက်တော်ထင်ရှား ဘုရားရှင်ထံတော်၌ အလွန်အကြူး ပါရမီကုသိုလ်တို့ကို ပြုစု ပွားများအားထုတ်သူ ဖြစ်ခြင်း၊

(၈) ဘုရားဖြစ်လိုသော ကုသိုလ်ဆန္ဒအားကြီးသူ ဖြစ်ခြင်းတို့ဖြစ်သည်။

ဆိုအပ်ပြီးသော အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသူဖြစ်မှသာ ဘုရားဆုပန်ုနိုင်ခွင့်ရှိသူ ဖြစ်နိုင်၍ ဘုရားအလောင်းဖြစ်ရေးပင်လျှင် လွန်စွာ ခဲယဉ်းလှပေသည်။ မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင် ရသေ့သည်ကား အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသူဖြစ်သဖြင့် ဒီပင်္ကရာမြတ်စွာဘုရား၏ ထံတော်မှောက်ဝယ် အလျားမှောက်လျက် “နောင်အခါဝယ် ဂေါတမမည်တွင် ဘုရားရှင် ဖြစ်လိမ့်မည်” ဟူသော နိယတဗျာဒိတ်ကို ရရှိသူဖြစ်လေသည်။ ထိုဘ၀မှစ၍ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယာသုံးပါးတို့ကို ရပ်နားမရှိ ပါရမီဖြည့်ခဲ့လေသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။



ဓမ္မနှင့်စာပေနန်းတော်သို့လာရောက်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြပါစေ.. ရှာဖွေစုဆောင်းထားသမျှတရားတော်များအားအားလုံးနာကြားပူဇော်နိုင်ရန်အလို့ငှါ ပြန်လည် စုစည်းတင်ပြထားပါသည်...ဗုဒ္ဓတရားတော်များနဲ့တစ်ကွ စာရေးဆရာများ၏ ရသ စာပေများကိုလည်း ဖတ်ရှု ခံစားနိုင်ပါတယ်နော်.

ကောင်းကင်

No comments:

Post a Comment