ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးနှင့်တွေ့ဆုံ နိုင်ကြသော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....1.1.2013ရက်နေတွင်တည်ထောင်ပါသည်။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, February 12, 2013

ဘယ်မှာငါဟု ရှိအံ့နည်း

dahmmapalace | 8:07 AM | Best Blogger Tips


လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊ မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
ငါသွေးတက်ကြွ ၊ လူ့ဗာလတို့
များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်
တဏှာဘီလူး ၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်
သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။
(မိုးကုတ်ဆရာတော်ကြီး)

ကောင်းကင်

Wednesday, January 23, 2013

မြတ်ရွှေတိဂုံ

dahmmapalace | 6:44 AM | Best Blogger Tips


မြတ်ရွှေတိဂုံ၊ လက်ကြာငုံဖြင့်
ဂုဏ်တော်ဗုဒ္ဓ၊ ရည်မှန်းဆ၍
ဦးချရွှင်လန်း၊ ကန်တော့ခန်းမှာ
ဆွမ်းပန်းရေလှူ၊ သစ်သီးလှူလျက်
မွှေးနံ့သာလှူ၊ ဆီမီးလှူလျက်
အဖြူစင်ဆုံး၊ ကိုယ်စိတ်နှလုံးကို
ကျင့်သုံးအလှ၊ စောင့်သီလနှင့်
ဗုဒ္ဓဘာသာ၊ မျိုးမြန်မာဟု
အခါကောင်းခြင်း၊ မင်္ဂလာအဆင်းဖြင့်
လာခြင်းကောင်းခဲ့သည်တကား...။
 
ကောင်းကင်

Tuesday, January 1, 2013

ပတ္တမြားရွှေဂူ

dahmmapalace | 7:40 AM | Best Blogger Tips
ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နဲ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

(လေးဆစ်)
မန်လည်ဆရာတော်

ကောင်းကင်

သူတော်ကောင်း အဓိပ္ပါယ်

dahmmapalace | 7:39 AM | Best Blogger Tips

ဗုဒ္ဓ သာသနာကို တကယ်ချစ်မြတ်နိုးရင်

dahmmapalace | 7:37 AM | Best Blogger Tips
ဗုဒ္ဓ ရှင်မြတ် ဟောထားအပ်သော ပိဋကတ်ကျမ်းစာ မညီရာတို့ကို မျက်နှာထောက်ထား မသနားနှင့် စာအား ငွေအား
ဖြန့်ဝေအားဖြင့်
တပါးဆယ်ယောက် တစ်ယောက်ဆယ်ပါး ပြန့်ပွားနှံ့စပ်
လူ့ရပ်မြေကုန်
ဝိုင်းအုံ ပထုတ်
ဇွဲခတ်လှုပ်၍
တောထုတ်ကြကုန်လော့

ကောင်းကင်

သင်သေသွားသော်

dahmmapalace | 7:36 AM | Best Blogger Tips
သြော်....လူ့ပြည်လောက
လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား.....
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည်၊

သတိပြုနိုင်ကြပါစေ

dahmmapalace | 7:34 AM | Best Blogger Tips
ကမ္မသကာ၊ လူဗိုလ်ပါတို့
ငါနှင့်မဆိုင်၊ မတတ်နိုင်ဟု
မပြိုင်ခင်ရှုံး၊ စိတ်နှလုံးကို
ဒုန်းဒုန်းကြီးချ၊ ရှိချေကမူ
ဗုဒ္ဓသာသနာ၊ ကွယ်ပျောက်ရာ၏
အမျိုးဘာသာ၊ ကွယ်ပျောက်ရာ၏

ကောင်းကင်

သုံးပါးဂုဏ်ရှင် ပြစ်မှားလျှင်မူ

dahmmapalace | 7:34 AM | Best Blogger Tips
အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင်
အိမ်ရှင်၏ အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်ချေ၏။
ပြစ်မူကျူးလွန်သူကို ထိုက်တန်သည့် ဒဏ်ချရာ၌ တရားစီရင်သူ၏
အပြစ်မဟုတ်၊ ဒုစရိုက်ကောင်၏ အပြစ်သာ ဖြစ်ချေ၏။
ထိုနည်းတူစွာပင် ဓမ္မကို စော်ကားလာသူကို သုတ်သင်ရာ၌
သုတ်သင်သူ၏ အပြစ်မဟုတ်၊ စော်ကားသူ၏ အပြစ်သာ ဖြစ်ချေ၏။
ဗုဒ္ဓကို စွပ်စွဲလာ၍ ဒဏ်ခတ်ရာ၌ ဒဏ်ခတ်သူ၏ အပြစ်မဟုတ်၊
စွပ်စွဲသူ၏ အပြစ်သာ ဖြစ်ချေ၏။
ထို့ကြောင့် အရေးမခံချင်၊ အသုတ်သင်မခံချင်၊
ဒဏ်ခတ် မခံချင်လျှင် ဗုဒ္ဓကို မစွပ်စွဲသင့်ကြချေ၊
ဓမ္မကို မစော်ကားသင့်ကျချေ၊
သာသနာကို မဖျက်စီးသင့်ကြချေ၊
ထေရ၀ါဒကို မပုတ်ခတ်သင့်ကြချေ။

ကောင်းကင်