ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးနှင့်တွေ့ဆုံ နိုင်ကြသော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....1.1.2013ရက်နေတွင်တည်ထောင်ပါသည်။

Sunday, December 15, 2013

“ရေရှည်ခိုင်မြဲအောင်”

myintmyat | 4:27 AM | Best Blogger Tips

“ရေရှည်ခိုင်မြဲအောင်”
♠♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠♠
- အချို့ လူတွေမှာ သူတို့ရဲ့ ၀ါသနာအလျောက် 
သူတို့ ချစ်ခင်တာ၊မြတ်နိုးတာ၊ နောက်တစ်ချက်က 
အားနည်းချက်၊ အဲဒါတွေဟာ အနည်းနဲ့အများ 
ရှိနေတတ်တယ်။ အဲဒါတွေကို ထိခိုက်အောင်
ဘယ်တော့မှ မပြောမိစေနဲ့။

- လူတိုင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်
စိတ်သဘောထားခြင်း တိုက်ဆိုင်ဖို့တော့ မဖြစ်နိုင်ဘူး။ ဖြစ်ဖို့ဆိုတာလည်းတော်တော်လေး ခဲရင်းတယ်။ ငါးပိကြိုက်တဲ့သူအတွက်တော့ ငါးပိက မွှေးမှာပဲ။

- ဒါကို မင်းက အပုပ်တွေစားနေတယ်လို့ 
သွားပြောလို့မရဘူး။ 
နေရာဒေသ၊ ပတ်ဝန်းကျင် ရေမြေ သဘာဝအလိုက်
အနေအထိုင်၊ အစား အသောက်၊ ၀တ်စား ဆင်မှု၊ 
ဝါသနာ၊ စိတ်နေစိတ်ထားတွေ ကွဲပြားသွားတယ်။
ခြားနားသွားတယ်။ 

- ဒီလို သူ့အမြင် ကိုယ်မတူတာကို ချစ်နေတဲ့ 
အချိန်တောင်မှ အတင်းအဓမ္မဖိပြီး ထိခိုက်သွားအောင်၊ နစ်နာသွားအောင်ဘယ်တော့မှ မပြောမိစေနဲ့။

- တစ်ဦးနဲ တစ်ဦး နာကျည်းတယ်ဆိုတာ 
အဲဒီက စတာပဲ။ ပြဿနာသေးသေး လေးတွေ က 
စုစုပြီး ကြာတော့ ပြဿနာ အကြီးကြီး ဖြစ်
လာတယ်။ ပေါက်ကွဲလာတယ်။ 
နာကျည်းလာတယ်။

- (“ဌေး”သာမဏေကျော်ဆရာတော်)

Dhamma Danã Source ►(“ဌေး”သာမဏေကျော်ဆရာတော်) &
www.facebook.com/youngbuddhistassociation.mm
“ ♠♠ - အချို့ လူတွေမှာ သူတို့ရဲ့ ၀ါသနာအလျောက်
သူတို့ ချစ်ခင်တာ၊မြတ်နိုးတာ၊ နောက်တစ်ချက်က
အားနည်းချက်၊ အဲဒါတွေဟာ အနည်းနဲ့အများ
ရှိနေတတ်တယ်။ အဲဒါတွေကို ထိခိုက်အောင်
ဘယ်တော့မှ မပြောမိစေနဲ့။

- လူတိုင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်
စိတ်သဘောထားခြင်း တိုက်ဆိုင်ဖို့တော့ မဖြစ်နိုင်ဘူး။ ဖြစ်ဖို့ဆိုတာလည်းတော်တော်လေး ခဲရင်းတယ်။ ငါးပိကြိုက်တဲ့သူအတွက်တော့ ငါးပိက မွှေးမှာပဲ။

- ဒါကို မင်းက အပုပ်တွေစားနေတယ်လို့
သွားပြောလို့မရဘူး။
နေရာဒေသ၊ ပတ်ဝန်းကျင် ရေမြေ သဘာဝအလိုက်
အနေအထိုင်၊ အစား အသောက်၊ ၀တ်စား ဆင်မှု၊
ဝါသနာ၊ စိတ်နေစိတ်ထားတွေ ကွဲပြားသွားတယ်။
ခြားနားသွားတယ်။

- ဒီလို သူ့အမြင် ကိုယ်မတူတာကို ချစ်နေတဲ့
အချိန်တောင်မှ အတင်းအဓမ္မဖိပြီး ထိခိုက်သွားအောင်၊ နစ်နာသွားအောင်ဘယ်တော့မှ မပြောမိစေနဲ့။

- တစ်ဦးနဲ တစ်ဦး နာကျည်းတယ်ဆိုတာ
အဲဒီက စတာပဲ။ ပြဿနာသေးသေး လေးတွေ က
စုစုပြီး ကြာတော့ ပြဿနာ အကြီးကြီး ဖြစ်
လာတယ်။ ပေါက်ကွဲလာတယ်။
နာကျည်းလာတယ်။

- (“ဌေး”သာမဏေကျော်ဆရာတော်)

No comments:

Post a Comment