ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်……
၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက ၊ မဟာသာဝက ရဟန္တာ ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင် တို့အပေါ်၌
၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင် တို့အပေါ်၌
၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတက်သော ဆရာသမား တို့အပေါ်၌
၈။
ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ ပညာဂုဏ် တို့ကို ဆည်းပူးဖြည့်ကျင့်
လျက်ရှိကြကုန်သော လူပုဂ္ဂိုလ် ၊ ရဟန်းပုဂ္ဂိုလ် ၊ အရိယာပုဂ္ဂိုလ် ၊ မိမိထက်
သိက္ခာအရွယ်ကြီးမားသူ တို့အပေါ်၌
၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတက်သော ဆရာသမား တို့၏ အပေါ်၌
၁၀။
ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ပေးဖူးသော
ကျေးဇူးရှင်ပုဂ္ဂိုလ် တို့၏ အပေါ်၌ ကာယကံ ၊ ၀စီကံ ၊ မနောကံ ၊ သုံးပါးသော
ကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို
ပျောက်ပါစေခြင်းအကျိုးငှါ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား…။
ဤသို့
ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့်
အလုံးစုံသော ဘေးရောဂါ အန္တရယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာ
ဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍
နိဗ္ဗာန်သို့ ၀င်နိုင်သော ကိုယ်ဖြစ်ရပါစေသား အရှင်ဘုရား။ လောကီမင်္ဂလာ
အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူ လျင်မြန်စွာ
ပြည့်စုံ၍ ၊ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေ အရှင်ဘုရား။
ကောင်းကင်

No comments:
Post a Comment